ပန်းချစ်သူ

အားလုံး မင်္ဂလာပါလို့ နှုတ်ခွန်းဆက်ပါတယ်..။

ပန်းချစ်သူ

ကဗျာ ချစ်သူများအတွက် အပျော်တမ်း ဘလော့လေးတခုပါ။

ပန်းချစ်သူ

ခံစာချက် ကဗျာလေးတွေ ရေးသားပေပို့ နိုင်ပါတယ်။

ပန်းချစ်သူ

အားလုံး ကျန်းမာချမ်းသာကြပါစေ..

ပန်းချစ်သူ

လိုရာဆန္ဒ ပြည့်ဝကြပြီး ပျော်ရွှင်နိုင်ကြပါစေ..

Tuesday, July 18, 2017

** အလေးပြုကြစို့ **

ဒီနေ့ အာဇာနည်နေ့မို့
သူငယ်ချင်းတို့ရေ ဗိုလ်ချုပ်
ဦးအောင်ဆန်းနှင့် အာဇာနည်
ပုဂ္ဂိုလ်ကြီးတွေကို--------

** အလေးပြုကြစို့ **
ဇူလိုင်ဆယ်ကိုး
မျက်ရည်မိုး
သွန်းဖြိုးခါပေ- လေးပြုလေ ll

ဗိုလ်ချုပ်ဖခင်
ကျေးဇူးရှင်
ဦးပင်ညွှတ်စေ - လေးပြုပေ ll

ဗိုလ်ချုပ်နှင့်ပါ
ကိုးဦးဗျာ
လွန်စွာရိုသေ - လေးပြုစေ ll

အသက်ပေးသွား
ခေါင်းဆောင်များ
ဝတ်တွားခါပေ - လေးပြုလေ ll

ဆယ့်ကိုးဇူလိုင်
မျက်ရည်ဖြိုင်
ကိုယ်တိုင်ရပ်လေ - ကန်တော့စေ ll

ကျော်သူ ဟင်္သာတမြေ ll


** ဇူလိုင်​မှတ်​တမ်း ***

  1. ** ဇူလိုင်​မှတ်​တမ်း ***
  2. မြန်​တခွင်​ ပူဖြိုင်​ကျ
  3. ဇူလိုင်​လ. မှတ်​တိုင်​၊
  4. တူမှိုင်​ရ. ခပ်​ယိုင်​ယိုင်​ကွယ်
  5. သပ်​ခိုင်​ခိုင်​ (အ)ပူစွဲ ။
  6. ပန်း​ကောင်းတို့. ညွှန့်​ကျိုးကာ.ကွယ်
  7. ကျွန့်​မျိုးမှာ ​ဆွေးပူအသဲ ။
  8. ဇာနည်​မြတ်​ ပန်းကိုးသွယ်​.ကိုရယ်
  9. လွမ်းတိုးမယ်​ ​နေမြဲ။
  10. ကျွမ်းညိုးဖွယ်​ ​ကြေကွဲပါလို့
  11. ​ဝေမစဲ မျက်​ရည်​ ။
  12. ရာဇဝင်​ တိတ်​သမိုင်း​ပေမို့
  13. စိတ်​အရိုင်း လွမ်း ​ဖြေမဆည်​ ။
  14. စည်းလုံးခြင်း တွဲလက်​ညီကို
  15. ခွဲရက်​ပြီ အကြံဆိုးလို့ ။
  16. အမှန်​ငြိုး မဆိုင်းပျက်​​အောင်
  17. သမိုင်းဆက်​​မှောင်​ ။
  18. ရာဇဝင်​ထက်​ မြင်​သာ​အောင်​ကွယ်
  19. ရင်​နာ​တောင်​ ​မေ့ဘူးကွဲ့​လေး ။ ။
  20. ​ဇော်​​ဇော်​ ( မလှိုင်​)

အာဇာနည်နေ့ဒို့မမေ့

##၁၉ ဇူလိုင် မမေ့နိုင်##
@@ဒိုင်း...ဒိုင်း...ဒိုင်း...ဒိုင်း...ဒိုင်း
ရုတ်တရက် သေနက်သံကြောင့်
လမ်းမီးတိုင်ထက်က
ငှက်ကလေးတွေ ဝုန်းဆို
ဝေါကနဲ အလန့်တကြား
ကောင်းကင်ပေါ်ပျံသွားတယ်။
@@အဲ့ဒိနေ့က..........
ကမ္ဘာမီးလောင် သားကောင်ချနင်း
ကမ္ဘာသာမီးလောင်ကျွမ်းသွားတယ်
သားကောင်ကို ချမနင်းရက်ခဲ့ဘူး။
@@ဇူလိုင် ၁၉ ရက်......
ကံကြမ္မာက ဒဏ်ရာတွေ
တမင်ဖန်တီးလိုက်ပြီလား
ရက်စက်လိုက်တာဗျာ
လုပ်ရက်လိုက်လေခြင်း။
@@နံနက်ခင်းလေးက
လှပ သယောင်,ယောင်နဲ့
အကျည်းတန် မျိုးမမှန်လူတစ်စုကြောင့်
ဇူလိုင် ၁၉ ရဲ့ နံနက်ပိုင်းလေး
သွေးစွန်းလို့ ဖြာခဲ့ပြီလေ။
@@သွေးစွန်းတဲ့ နေ့တစ်ရက်
မှတ်မှတ်ရရ အဲ့ဒိနေ့က..
မြန်မာပြည်သူ ပြည်သားတွေ
အပူလုံးတွေနဲ့ ယူကျုံးမရ
ဖြစ်ခဲ့ကြတယ်။
@@ဘယ်မှာလဲ?????
ငါ့တို့ရဲ့ လွတ်လပ်ရေးဖခင်ကြီး
လွန်ခဲ့တဲ့ ရက်ပိုင်းကမှ
အကျင့်ဆိုးတွေ ဖျောက်ဖျက်ပြီး
စည်းကမ်းကို အသက်ထက်တန်ဖိုးထား
မိန့်ခွန်းခြွေ ပြောသေးတယ်လေ။
@@အခုတော့...ရုတ်တရက်ကြီး
နှုတ်မဆက် လက်မပြဘဲ
ကံကြမ္မာ ဂြိုလ်ဆိုးက.....
လွတ်လပ်ရေး ဗိသုကာ
သခင်ကိုယ်တော် အောင်ဆန်းကိုမှ
တမလွန်ခရီးကို ဆွဲခေါ်ရက်တယ်။
@@၁၉ ဇူလိုင် နေ့ရက်တိုင်းသည်
ငါတို့ဖခင် ကွယ်လွန်သွားသော
ထိုနေ့ရက်အား ဇူလိုင် ၁၉
နေ့ရက်ဆိုးဖြစ် အသဲနာရင်နာနေ့မို့
အာဇာနည်ဖခင်တို့ ကျဆုံးခဲ့သော
၁၉ ဇူလိုင်နေ့ရက်တိုင်းကို မမေ့နိုင်ပါ
တမလွန်မှအာဇာနည်များ
ဦးညွှတ်လျှက်...........။
မူပိုင်
နေမင်းခ(ကဗျာသခင်)

Monday, July 18, 2016

ဆုကြီးနိဗ္မာန်တည်း

အလှူရေစက် ၊ လက်နှင့်မကွာ
များသူငှားတို့၊ လှူနိုင်ကြစေ
တောင်းဆုချွေ၏။
..
ဘ၀လက်ရုံး ၊ သုမေဓါထုံး
နှလုံးမူလျှက် ၊ စွဲကျင့်သုံးယှက်
မှတ်ယူကြပါကုန်။
..
လှူ ဒါန်းတစ်စ ၊ပေါင်းများစွာလျှင်
များလာရက်ပေါင်း ၊ အောင်စေညောင်းလျှက်
ဆုကြီးနိဗ္မာန်တည်း။

Thursday, May 19, 2016

“နောင်တ ”



အရှေ့နေထွက်
အနောက် နေဝင်
ဓမ္မတာ ဖြစ်စဉ်
သေခြင်း တရား
ဘာသာ မခြား
လူမျိုး ကွဲ ပြား
အမုန်း မထား
မေတ္တာ တရား
ညီ မျှ ထားခါ................
..
လောက ဧည့်သည်
ခေတ္တ အလည်
ရောက်လာ ခါဝယ်
ဗုဒ္ဓ မြတ်တရား
ရင်ဝယ်မှာ ထား
တွေး မမှားစေ 
အို*ချစ်မိတ်ဆွေ ...........
.
မှိုင်းဝါဒ ဆိုး 
သမိုင်း ချိ့းကွေ့
သတိမလျှင်
ဂူ မမြင်ရာ
မှားခါ တိုးမိ
မသိစိတ်နဲ့ ...ရန်လို
..
တိုင်းရင်းသားခြင်း
မညီတိုက်ပွဲ
ခါခါနွဲသော်
ကြားက ပြည်သူ
စစ်ပြေးရှောင်ရ
ဤသည်ဘဝ
အဖြစ်ဆိုး
မြင်ရတွေ့လာ......
..
ရှေ့ မျှော်တွေးခါ
ရင်ဝယ်မကောင်း
လက်သန်းလေးသာ
ပြန်ကြည့်မိသည်
နောက်တများစွာ.........နှင့်။

*ထူးမြတ်ကဆုန် လွမ်းဘို့ကြုံ*


===============
ထူးမြတ်ကဆုန် လွမ်းဘို့ကြုံသော

ပန်းမှုံဖူးကြ ဤသည့်လမှ
ဗုဒ္ဓလောင်းလျာ သုမေဓာသည်
မြတ်စွာဒီပင် နှုတ်ပလ္လင်မှ
ထုတ်ဆင်ချွေခ ဗျာဒိတ်ရလို့
မြတ်လှကဆုန် စသည့်ပုံ---
---စွမ်းကုန် ထူးလှပေတော့သည်...။

ရဂုံသာမော အင်ကြင်းတောတွင်
ရှင်စောမြတ်စွာ အလောင်းလျာသည်
မဟာသက္ကရာဇ် ခြောက်ဆယ့်ရှစ်နှစ်
လဖြင့်ကဆုန် ဖွားလာပုံက
တဖုံထူးခြား ခုနှစ်လှမ်းသွား၍
စကားသုံးခွန်း မိန့်ချွေမွှန်းပြီ
ဤဇမ္ဗူမှာ ငါသာလျှင် လွန်ပင်မြတ်လှပေတော့သည်...။

လေးဆယ်ငါးဝါ ကာလကြာအောင်
ဗြဟ္မာနတ်လူ သုံးဘုံသူတို့
အပူအေးစေ တရားချွေ၍
မြန်းလေနိဗ္ဗူ စံတော်မူသည်
များလူတမ်းလို့ မျက်ရည်စို့ကာ
လွမ်းဘို့ရယ်ကြုံ လကဆုန်---
---မြင်ရုံ မှန်းမိပါတော့သည်...။

ဖြစ်ခြင်းပျက်ပုံ အလုံးစုံကို
သိမ်းခြုံစကား နောက်ဆုံးအားဖြင့်
လှစ်ကြားမိန်လာ အပ္ပမာဒ
ရင်မှာသတိ မြဲထားရှိ၍
ပွားသိအားထုတ် နာမ်နှင့်ရုပ်ကို
အဟုတ်ခွဲခြား သိမြင်ငြားမှ
သင်ကားချမ်းသာ အမတာသို့
မှန်းကာတွေးချင့် ဘေးမသင့်စေ
နေရစ်ပေလော...။
ချွေလေမိန့်ပုံ သိမ့်သိမ့်တုန်--
---ရင်(အ)စုံ လွမ်းမိပါတော့သည်...။ ။
===================

“ရွှေကညစ် နဲ့ ရွှေခေတ်သို့ အကြို ” ( ဖွင့်ပွဲ ကဗျာ )


............................
ရွှေ*..စကားတွေ ပြောဆိုရေးကို
..ကြားနာလိုက တို့ရင်မှာဖွား
..မိတ်သဟာများ နှလုံးသားမှာ
..ဘုရားတံဆိပ် တရားနှိပ်ကာ
..သိမ်းထားပါမှဖြစ်မည်တည်။
..
က*..ဆုန်လပြည့် ဖွင့်လစ်တည်ထောင်
....မိတ်သဟာများ မကျန်သွားအောင်
....အဖိတ်အခေါ် ပြုလိုက်ပါသော်
...မနှေးအမြန် လှမ်းလာစေကြောင်း
...မိတ်ပေါင်းအားလုံးခေါ်ပါလေ၏။
...
ညွှစ်*.ဖွယ်ကင်းစေ လူငယ်လေးတွေ
.မွေးထုတ်နိုင်မှ အမျိုးဘာသာ
.သာသနာနှင့် နောင်လာမျိုးဆက်
..အမှန်ပင်အားတက်ရမည်တည်း။
..
နဲ့*..နဲ့လေးတွေး မရေးလေနှင့်
..နက်နက်သာရေး တွေးပါလေကွယ့်
....ညီညီညာညာ ပေါင်းစုကာဖြင့်
...သွေးနဲ့ အသက် မငှဲ့ကွက်ဘဲ
...တို့လက်တွဲကာစောင့်ရှောက်စို့။
..
ရွှေ* .စာရေး၍ ဖွင့်ပွဲသဘင်
..စီရင်ဌာန ဂျီ ပီထောင်ကာ
..တိုင်းရင်းမောင်စုံ နှမတွေဆုံ..ပြီး
....စုစည်းကာဖြင့် ကဗျာစာပေ
.....ရှေ့ဆောင်ထမ်းရွက်ကြပါစို့။
..
ခေတ်*..အခါကောင်း ညောင်ရေလောင်းမည်
...မိတ်များတို့ရယ် လာလှည့်ပါလို့
...ကမ္ဘာရှိငြား မြတ်တရားကား
…..မကွယ်သွားဘို့ မင်းတို့ ငါတို့
.....လက်တွဲကြိုးစားကြပါစို့ ။
.....................................


Friday, February 26, 2016

တပေါင်းနွေ

`` တပေါင်းနွေ ´´
ရေလိုကြည်အေး ပူဝေးစေရန်
ပေါင်းစုကာပြု လှူဒါန်းမှုလျှံ
ချစ်စရာ့ မြန်မာဓလေ့ဟန်
မြန်မာတို့ရဲ့. မပျက်အမွေ
...တပေါင်းနွေမှာလေ...
.
တပေါင်းနွေလှ.စာသပန်းချီ
ဆေးချယ်မဆုံး.တေးသီမကုန်
ကြူးရင့်ဥသြ.နံနက်တေးသံ
ထွန်းလင်းဖြာလျှက်.နေရောင်ရှိန်နှင့်
တူပြိုင်ကာလှသည်လေး..
.
တပေါင်းနွေဆီ.တမ်းတပါသည်
.
ရော်ရွက်ဝါ ကြွေကာကျ
မြေမှာခ စီရီ။
..
လေသဘာဝ နှောက်ပွေလီတယ်
ရောက်လေပြီ နွေဦး ။
.
ရဂုံတွင်း ဆူဆူညံ
ပင်မြင့်ယံ ကျေးငှက်တို့မြူး ။
.
နွေသရုပ် လက်ပံနီ
ရဲရဲညီ ပွင့်ဖူး ။
.
ဥသြငယ် တွန်ကျူးလို့
သရက်ဖူး ကြိုင်စွာ ။
.
ပတ်ဝန်းကျင် လွှမ်းထုံပျံ့
သင်းရနံ့ ပန်းလှတမာ ။
.
မန်ကျည်း၊ဇီး မှည့်ဝင်းရှာသည်
ကန်တို့မှာ ရေရှားလို့..။
.
စပါးနှံ ပေါပြည့်ကြွယ်
ရေလျှံမှစိမ်းသည်နှင့်လေး ။
..
လက်ပံကောက်ရင်း.လွမ်းတေးသံဆို
မေ့မှာလေငိုတပေါင်းနွေပျို.။
.
လွမ်းရတယ် နေ့စဉ်ပေါ့လေး ။ ။

From Myamar View.

Myamar View